Pages

မြောက်ဦးမြို့နယ်သာရေးနာရေး(မလေးသျှား)ဘလော့ဂ်သည်ပြင်ဆင်နိန်ဆဲဖြစ်တေအတွက် သီးညည်းခံပီးပါရန်တောင်းပန်အပ်ပါသည်

Friday 13 July 2012

ရခိုင်မှာ မှတ်ပုံတင်တွေကို စီစစ်မယ်

ရခိုင်မှာ မှတ်ပုံတင်တွေကို စီစစ်မယ်


နောက်ဆုံးရေးသားချိန် 3 July 2012, 15:04 AEST
ရခိုင်ပြည်နယ်မှာ ​မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​စပ်လျဉ်းပြီး ​နိုင်ငံသားစီစစ်ရေးဝန်းထမ်းတွေ ​တိုးမြင့်ချထားပြီး ​မှတ်ပုံတင်အတု ​ကိုင်ဆောင်မူတွေကို ​စီစစ်တွေ့ရှိရင် ​ထိထိရောက်ရောက် ​အရေးယူသွားမယ်လို့ ​လူဝင်မူကြီးကြပ်ရေးနဲ့ ​ပြည့်သူ့အင်အားဝန်ကြီး ​ဦးခင်ရီက ​မီဒီယာတွေနဲ့ ​တွေ့ဆုံရာမှာ ​ပြောကြားခဲ့ပါတယ်။
မနေ့က ​နေပြည်တော်မှာ ​ပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲမှာ ​ဦးခင်ရီက ​ရခိုင်ပြည်နယ်မှာ ​ဘင်္ဂါလီဦးရေ ​၁၀ ​သိန်းရှိတယ်လို့ပြောပါတယ်။
လက်ရှိစာရင်းအရ ​ရှိနေတဲ့ ​ဘင်္ဂါလီ ​၁၀ ​သိန်းခန့်ဟာ ​မောင်တော ​၊ ​ဘူးသီးတောင် ​၊ရသေ့တောင်ဒေသတွေမှာ ​အများဆုံး ​ဖြစ်နေပြီး ​ရာခိုင်နှုန်းအားဖြင့် ​၉၈ ​ရာခိုင်နှုန်း ​ရှိနေတယ်လို့ ​သူက ​ပြောပါတယ်။
ဘင်္ဂါလီတွေများတယ်ဆိုပေမယ့်ရခိုင်ပြည်နယ်အတွင်းမှာတော့ရခိုင်လူမျိုးကသာပိုများပါတယ်၊အနောက်ဘက်ခြမ်းကမောင်တောဘူးသီးတောင်၊ရသေ့တောင်ဒေသတွေမှာတော့ရာခိုင်နှုန်းအားဖြင့်၉၈ရာခိုင်နှုန်းရှိနေပါတယ် ​”
အဲဒီ ​၁၀ ​သိန်းခန့်မှာ ​white ​card ​ထုတ်ပေးထားတာကတော့ ​လူဦးရေ ​၅ ​သိန်း ​ခန့်ရှိတယ်လို့ ​ဦးခင်ရီက ​ပြောပါတယ်။
မြန်မာနိုင်ငံမှာ ​နိုင်ငံသားစိစစ်ရေးကဒ် ​၊ ​ဧည့်ကဒ်၊ ​ပြုကဒ် ​၊ ​FRCကဒ် ​၊ ​white ​ကဒ် ​ဆိုပြီ ​ကဒ် ​၅ ​မျိုး ​ထုတ်ပေးနေတာဖြစ်ပြီး ​အကြမ်းဖက်မှုတွေကြောင့် ​ညမထွက်ရ ​အမိန့်ထုတ်ထားတဲ့ ​စစ်တွေ ​၊မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်တွေမှာ ​နိုင်ငံသားစိစစ်ရေး ​ကဒ်ပြားတွေ ​စစ်ဆေးနေကြောင်း ​၊ ​မရှိရင် ​အရေးယူမယ်လို့ ​ပြည်ထောင်စုဝန်ကြီး ​ဦးခင်ရီက ​ပြောပါတယ်။
ဒါ့အပြင် ​ရခိုင်ပြည်နယ်မှာ ​မြန်မာတိုင်းရင်းသား ​စစ်စစ် ​မျိုးနွယ်စုတွေ ​အချင်းချင်းက ​ဆင်းသက်လာသူတွေကိုသာ ​နိုင်ငံသားစိစစ်ရေးကတ် ​ထုတ်ပေးနေတာ ​ဖြစ်ပြီး ​လက်ရှိ ​အခြေအနေအရ ​နိုင်ငံသားစိစစ်ရေး ​မှတ်ပုံတင်ကတ်ပြား ​ကိုင်ဆောင်ခြင်း ​ရှိမရှိကို ​ဒေသတွင်း ​သက်ဆိုင်ရာဝန်ထမ်း ​၂၇၅ ​ဦးနဲ့ ​စစ်ဆေးတာတွေ ​၊ ​နေပြည်တော် ​လူဝင်မှု ​ကြီးကြပ်ရေးနှင့် ​ပြည်သူ့အင်အား ​ဝန်ကြီးဌာနက ​ဝန်ထမ်း ​၈၅ ​ဦးကို ​ထပ်မံ ​စေလွှတ်ပြီး ​စစ်ဆေးအုံးမယ့် ​အစီအစဉ်တွေ ​ရှိနေတယ်လို့ ​လည်း ​ပြည်ထောင်စု ​ဝန်ကြီး ​ဦးခင်ရီက ​ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ​ဧရိယာအကျယ်အဝန်းဟာ ​၁၄၂၀၀.၀၈ ​စတုရန်းမိုင်၊ ​ဧက ​အားဖြင့်ဆိုလျှင် ​၉၀၈၈၀၅၃ ​ဧက ​ရှိုပြီးတော့ ​စိုက်ပျိုးမြေ ​ဧက ​၁၂၈၉၀၀၂ ​ဧက၊ ​လူဦးရေ ​၃၁၈၃၃၃၀  ​ရှိတယ်လို့ ​၂၀၀၉ ​ခုနှစ် ​က ​စစ်အစိုးရ ​က ​ထုတ်ပြန်ခဲ့တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ဘုတ်ဘုတ်က ​သတင်းပေးပို့ခဲ့ပါတယ်။
                                                                                           Ref:  ABC Radio Australia

0 comments:

Post a Comment