Pages

မြောက်ဦးမြို့နယ်သာရေးနာရေး(မလေးသျှား)ဘလော့ဂ်သည်ပြင်ဆင်နိန်ဆဲဖြစ်တေအတွက် သီးညည်းခံပီးပါရန်တောင်းပန်အပ်ပါသည်

Saturday 26 January 2013

စစ်တွေမြောက်ဦး သင်္ဘောတန်ဆာခ ခရီးသည်များအပေါ် ညှင်းပန်းရာရောက်နေ

ခိုင်လင်းစံ (Arakan Review)၊ ဇန်န၀ါရီလ (၁၉)၊ ၂၀၁၃ ခုနှစ်။
တန်ဆာခလက်မှတ် ရခိုင်ပြည် အတွင်းစစ်တွေနှင့် မြောက်ဦးကိုပြေးဆွဲနေသည့် ပုဂ္ဂလိက ရေကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် အောင်ကျော်မိုး သင်္ဘောတွင် ကုန်ပစ္စည်းများအတွက် တန်ဆာခများမှာ  ယခင်ကထက်တိုး၍ ပေးဆောင်နေကြရကြောင်းသိရကာ  ယင်းသို့ပြုလုပ်နေခြင်းမှာ ခရီးသည်များအပေါ်ညှင်းဆဲရာ ရောက်နေကြောင်း သတင်းရရှိသည်။
အစိုးရရေကြောင်းလိုင်းအား ပုဂ္ဂလိကသို့ငှားရမ်းထားပြီးနောက် ပုဂ္ဂလိကမှပြေးဆွဲ နေသည့်အတွက် သင်္ဘောခများမှာ လည်း ဈေးတက်ကာ ယခုအခါ တန်ဆာခများပါ ယခင်ကထက်တစ်ဆတိုးပြီး မြင့်တက်လာ နေကြောင်းနှင့် ယခင်ကဆိုင်ကယ်တစ်စီးလျှင် (၁၅၀၀) ကျပ်သာပေးဆောင်နေခဲ့ရရာမှ (၃၀၀၀)ကျပ်အထိတိုးမြှင့်ပေးဆောင်နေရပြီး တန်ဆာခများလွန်းနေသဖြင့် လျှော့ခိုင်းရာ လျှော့မပေးနိုင်ဟုဆိုပြီး မကျေနပ်လျှင်တိုင်တန်းလို့ ရကြောင်းဤသင်္ဘောမှာ သူတို့၏သင်္ဘောဖြစ်ကြောင်း သင်္ဘောဝန်ထမ်းများ၏ မောက်မာစွာပြောဆိုမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ကိုဘစောဖြူက Arakan Review သို့ပြောကြားသည်။
“ဒီနေ့မနက်ကစစ်တွေဆိပ်ကမ်းရောက်တော့တန်ဆာလုပ်ဖို့လှမ်းပြောတယ်။ ဘယ်လောက်လဲမေးတော့(၃၀၀၀) ဆိုပြီးခပ်ပြတ်ပြတ် ပြောတယ်။ ဒါနဲ့ ကျွန်တော်ကအရေင်က (၁၅၀၀) ပဲပေးရတယ်လို့ပြောတော့ ဘာမှပြန်မပြောဘဲပြေစာကို ထုတ်ပေးတာ တန်ဆာခ (၁၅၀၀) ဆိုင်ကယ်ချခ (၁၀၀၀) ဆိပ်ကမ်းခ (၅၀၀) ပေါင်း(၃၀၀၀)။ အရင်လဲခဏခဏ ခံရပါတယ်။ မြောက်ဦးရောက်တော့လဲ ခရီးသည်တွေဆင်းလို့ပြီးတာနဲ့ သင်္ဘောကိုဖောင်တော်နဲ့ (၁၅) ပေလောက်ဝေးအောင် ခွာလိုက်တယ်။ ဆိုင်ကယ်ပိုင်ရှင်တွေ ကိုယ့် ဆိုင်ကယ်ကိုယ်မချနိုင်တော့ သဘောင်္ကအလုပ်သမားတွေချခိုင်းရတယ်။ ဆိုင်ကယ်က (၇) စီးပါလာတာ။ (၇၀၀၀) ပေးရတယ်။ ဆိုင်ကယ်ချတဲ့ အလုပ်သမားတွေကို ဒီငွေတွေကိုမင်းတို့ရသလား ဆိုတော့ ဘယ်နှစ်စီးပဲချချ (၅၀၀) ပဲရတယ်လို့ပြောတယ်။ ကျန်တာအားလုံး သင်္ဘောစာရေးယူသွားတာပါပဲ။ ပြီးတော့ဆိပ်ကမ်းခ (၅၀၀) ထပ်ပေးရသေးတာ။ ” ဟု ၄င်းကပြောသည်။
Source By:http://arakanreview.net/


0 comments:

Post a Comment