Pages

မြောက်ဦးမြို့နယ်သာရေးနာရေး(မလေးသျှား)ဘလော့ဂ်သည်ပြင်ဆင်နိန်ဆဲဖြစ်တေအတွက် သီးညည်းခံပီးပါရန်တောင်းပန်အပ်ပါသည်

Wednesday 20 June 2012

ဘဝနီနည်း (ဝါသု)

ဘဝနီနည်း
.............................

အစွန်း နှစ်ပါး၊ ကပ်ကြီး/ဝဋ်ကြီး သုံးပါး
ထွေရာလေးပါး၊ ကရားငါးပါး
ပျင်းရိခြင်း ခြောက်ပါး
အနာမျိုး ကိုးဆယ့်ခြောက်ပါး နန့်
မကင်းလွတ်နိုင်ကတ်သည် ဖြစ်ပါ၍….

အနန္တ မသူတော်များ
အနန္တ အခြင်း ပညာသျှင်များ
သူများမကောင်းကြောင်းကို ခုတုံးလုပ်လျှက်
ကိုယ့်မသာကို ကိုယ် အလှဆုံးအဖြစ် ဆင်ပျင်ကတ်ကုန်သည်၊

လူမိုက်ဆိုလျှင် ယှောင်ဖယ်လွဲလို့
လူမိုက်ဆိုစွာ ဇာကောင်တိလဲ……
အမှန်တရားကိုတော့ ချစ်ပါရေဒေ
အမှန်တရားက ဇာကောင်ကြီးလဲ ………

ဝါကြီး ဆာကြီး အကိုကြီး ဆြာကြီး…..
လျှာစ အာစ စကေတပွေနန့် ပဇ(ပါးစပ်)က ထွက်တတ်တေ
နသန်းနဝါ အမြုပ်တိကရာ လောကီ စည်းစိမ်ကို
ဘဝင်ခိုက်ပါလားအောင် ကျေနပ် နှစ်သိမ့်စီရေလို့ရာ ဆိုကေ…

ယုံချင်ယုံ မယုံချင်နီ
ဟုတ်တိပတ်တိ ဘဝနီနည်းဆိုစွာ (တစ္ဆီမင်းစာပင် ဖြစ်ဖြစ်)
ထမင်းတစ်လုတ် ဟင်းတစ်လုတ်ကို မျက်စိနှိတ် နားပိတ်
စားတတ် စားနီဝံ့ကတ်စွာကို ခေါ်စွာ……………။
(ဝါသု)https://www.facebook.com/pages/Worthu%E1%80%9D%E1%80%AB%E1%80%9E%E1%80%AF/361925573844384

0 comments:

Post a Comment