Pages

မြောက်ဦးမြို့နယ်သာရေးနာရေး(မလေးသျှား)ဘလော့ဂ်သည်ပြင်ဆင်နိန်ဆဲဖြစ်တေအတွက် သီးညည်းခံပီးပါရန်တောင်းပန်အပ်ပါသည်

Saturday 21 April 2012

၆ နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးအောာင်မြင်စွာပြီးဆုံး

၆ နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးအောာင်မြင်စွာပြီးဆုံး

မြောက်ဦးမြို့နယ်သာရေးနာရေးအသင်း(မလေးသျှား) ၆ နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ၁၅၊၀၄၊၂၀၁၂ နိန့်တွင် မလေးသျှားနိုင်ငံ အာသောကာရာမ ရခိုင်ဘုန်းကြီးကျောင်းမှာ အသင်းသူအသင်းပေါင်း ၄၀ ။ အစည်းအဝေးကို အစီစဉ် ၉ ခုနန့်ပြုလုပ်ပြီးကေ အသင်းနာယာက ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားခပါရေ။ အသင်းဥက္ကဌ ကိုမြတ်သိန်းကလည်း အမှတ်တရစကားပြောကြားပြီးရေနောက်မှာ အတွင်းရေးမှူးကိုစံလှ ကလည်း အသင်း၏ တစ်နှစ်တာ လုပ်ဆောင်ချက်များ၊ အလှူအတန်းများကို ရှင်းပြခပါရေ။ ယင်းနောက်မှာ အသင်း၏ဘဏ္ဍာထိမ်းလည်းဖြစ်သည့် ဦးမောင်သန်းက အသင်း၏ငွေကြေးရှင်းတမ်းများကို ရှင်းပြခပါရေ။ ရှေ့ဆက်လုပ်ဆောင်ချက် အဖြစ် ပေါ်လိုက်ပျောက်လိုက်ဖြစ်နီရေ မြောက်ဦးမဂ္ဂဇင်းကို အသင်း၏ ရံပုံငွေမှ ပံ့ပို့လားရန်အစီစဉ်များကို ဆက်လက်ဆွေးနွေးခကတ်ပါရေ။ မြောက်ဦးမြို့နယ်သာရေးနာရေးအသင်း အောင်မြင်စွာလျောက်လှမ်းနိုင်ဖို့အတွက်၊ လှူဒါန်းထောက်ပံ့နိုင်ဖို့အတွက် အားလုံးသူမှာတာဝန်ဟိကြောင်းကိုလည်း အသင်း၏ အတွင်းရေးမှူးမှပြောကြားပြီး အစည်းအဝေးကို အဆုံးသတ်ခကတ်ပါရေ။

0 comments:

Post a Comment