Pages

မြောက်ဦးမြို့နယ်သာရေးနာရေး(မလေးသျှား)ဘလော့ဂ်သည်ပြင်ဆင်နိန်ဆဲဖြစ်တေအတွက် သီးညည်းခံပီးပါရန်တောင်းပန်အပ်ပါသည်

Saturday, 24 March 2012

မြောက်ဦးဝေဒနာ

မကြာပါသိမ့် ဟိုတနိက
အမိသောက်ရှူး မြို့မြောက်ဦးကို
အကျွန်လယ်ဇောင် ရောက်ခီယင့်

တံတိုင်းကပျက် အုပ်ချပ်ထွက်ပျာ
အသက်မပါ မြို့သူနာကို
အကျွန်မာစလို့ တွိခယင့်

နန်းတော်အပြို ဘုရားအိုလည်း
ငိုလို့ယိုလို့ မြင်ခယင့်

စေတီပုထိုး ထီးတော်ကျိုးလည်း
မျက်ရည်မိုးကြီး ရွာနီယင့်

မပီဝိုးဝါး ကျောက်စာများလည်း
တေားများအတိ ဖုန်းလီယင့်

အော်.....
ဌာနီအပြန် မြို့အလွန်မှ
နောက်ပြန်ပျာကြည့် တံတိုင်ပဲ့ကို
ဦးတည်ရှိခိုး လက်စုံမိုးခိုက်
အမှတ်မထင် ကျွန့်ပါးပြင်မာ
မျက်ရေသွင်သွင် ကျမိရေ။

Source By: http://arakanmagazine.blogspot.com

0 comments:

Post a Comment