Melodious Plane ပန်းချီပြပွဲ
လူငယ် ပန်းချီဆရာ ကိုကောင်းကျော်ခိုင်၏ Melodious Plane အမည်ရှိ တစ်ကိုယ်တော် ပန်းချီပြပွဲ ကို လာမည့် မတ် ၁၉ရက် မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့၊ ပုလဲကွန်ဒိုမီနီယမ် ရှိ အမှတ် F ၃၆၊ ပထမထပ် တွင်မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အထိ ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုကောင်းကျော်ခိုင်သည် စစ်တွေမြို့ဖွား တစ်ဦးဖြစ်ပြီး အဖ ဦးကျော်ဇံမောင်(ရိုးမပန်းချီ) ၏ သားဦးဖြစ်သည်။ ငယ်စဉ်ကတည်းက ဖခင်ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူး သင်ယူခဲ့သူဖြစ်ပြီး ၂၀၀၇ တွင် ပန်းချီပန်းပု အနုပညာကျောင်းမှ အောင်မြင်ခဲ့သူဖြစ်သည်။ သင်ဆရာများမှာ ဦးသန်းကြွယ် ၊ ဦးဝင်းတင့် ၊ ဦးမောင်ဦး ၊ ဦးကျော်သူရိန် တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်တွေမြို့တွင် ပန်းချီဆရာများ အများအပြားရှိသော်လည်း လူငယ်မျိုးဆက်သစ် ပန်းချီဆရာများမှာ အလွန်ရှားပါးလျက်ရှိသည်။ မျိုးဆက်သစ် လူငယ်ပန်းချီဆရာများ ထွက်ပေါ်သည်မှာ ၀မ်းမြောက်ဖွယ် သတင်းတခုပင်ဖြစ်ပါသည်။
* Source - hooligansgroup







0 comments:
Post a Comment